Main menu

ပဲခူးမြို့ပေါ်ရှိ စင်ကာပူNestle ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးအဖွဲ့၊တိမွေးကုဌာနမှ တာဝန်ရှိသူများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သည် ၁၆.၁.၂၀၂၆ ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် ပဲခူးမြို့အတွင်းရှိ စတိုးဆိုင်များ၊ ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော  ကလေးဖြည့်စွက်စာအမျိုးမျိုးတို့အား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေးနှင့် သက်ဆိုင်ရာဌာနများ၏ အထောက်အထားရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခြင်းများ‌ ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါစစ်ဆေးရေးအဖွဲ့များအနေဖြင့်ပဲခူးမြို့ပေါ်ရှိ ကလေးဖြည့်စွက်စာ ၅မျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ဆိုင်ရှင်များအား မိမိရောင်းချလျက်ရှိသောကုန်စည်များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ ထောက်ခံချက်မရှိသောကုန်ပစ္စည်းများ၊ သက်တမ်းလွန်အစားအသောက်များ ရောင်းချခြင်းမပြုစေရန်နှင့် စားသောက်ကုန်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေအရ မြန်မာဘာသာဖြင့် ဖော်ပြထားသောပစ္စည်းများကိုသာ ရောင်းချရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)