Main menu

ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့မှ “ ပုပ္ပားမြင့်မိုရ် ” နှစ်ပြန်ကြော်လုပ်ငန်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSMEs) ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးစားပမ်းစား ဆောင်ရွက်လျက်ရှိရာ ၁၃.၁.၂၀၂၆ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ (၁) ရပ်ကွက်ရှိ “ ပုပ္ပားမြင့်မိုရ် ” နှစ်ပြန်ကြော်လုပ်ငန်းအား သွားရောက်ကွင်းဆင်း သတင်းရယူခဲ့ပါသည်။

         ခရိုင်ဦးစီးမှူးနှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် “ ပုပ္ပားမြင့်မိုရ် ” ပိုင်ရှင်ဖြစ်သူ ဦးဓာတ်တိုင်အား နှစ်ပြန်ကြော်လုပ်ငန်း လုပ်ကိုင်ပုံ အဆင့်ဆင့်တို့ကို မေးမြန်းခဲ့ပါသည်။ နှစ်ပြန်ကြော်လုပ်ငန်းတွင် ကုန်ကြမ်းများအနေဖြင့် မြေပဲ၊ နှမ်း၊ တောင်ကြီးပဲ၊ စတော်လုံး၊ ပဲဖူး၊ အရသာမှုန့်၊ ဆား တို့ပါဝင်ကြောင်း သိရှိရပါသည်။ ရှေးဦးစွာ ကုန်ကြမ်းများဖြစ်သည့် မြေပဲ၊ နှမ်း၊ တောင်ကြီးပဲ၊ စတော်လုံး၊ ပဲဖူးတို့ကို မန္တလေးပွဲရုံ၊ ရန်ကုန်ပွဲရုံများမှ အရောက်ပို့စနစ်ဖြင့် ကိုယ်တိုင်ကားခကျခံကာ ဝယ်ယူရကြောင်း၊ တောင်ကြီးပဲ အစိမ်း ပိဿာ (၃၀) ပါ တစ်အိတ်ကို ၅၂၀၀၀၀ ကျပ်ခန့်ရှိကြောင်း၊ တောင်ကြီးပဲ တစ်ပိဿာလျှင် နှစ်သောင်းခန့်ရှိကြောင်း၊ မြေပဲတစ်ပိဿာလျှင် ၈၅၀၀ကျပ်ခန့်ရှိကာ မြေပဲ ပိဿာ (၃၀) ပါ တစ်အိတ်လျှင် ၂၄၀၀၀၀ ကျပ်ခန့်ဖြင့် ဝယ်ယူရကြောင်း၊ စတော်လုံးတစ်ပိဿာလျှင် ၇၈၀၀ ကျပ်ခန့်ရှိကာ စတော်လုံး ပိဿာ (၃၀) ပါ တစ်အိတ်လျှင် ၂၃၀၀၀၀ ကျပ်ဝန်းကျင်ဖြင့် ဝယ်ယူရကြောင်း၊ ပဲဖူး တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်ခန့်ရှိကာ ပဲဖူး ပိဿာ (၃၀)ပါ တစ်အိတ်လျှင် ၃၉၀၀၀၀ ကျပ်ခန့်ဖြင့် ဝယ်ယူရကြောင်း သိရှိရပါသည်။ ထုတ်လုပ်ပုံ အဆင့်ဆင့်အနေဖြင့် ပဲစိမ်းများကို အခွံချွတ်ကာ ၈/ ၉ နာရီခန့် ရေစိမ်ရကြောင်း၊ ပြီးနောက် ဆီထည့်ကာကြော်ရကြောင်း၊ လူလေးယောက်ဖြင့် ကြော်ရကာ နှမ်း၊ အရသာမှုန့်၊ ဆားတို့ကိုလည်း အချိုးကျထည့်မွှေရကြောင်း၊ တစ်ရက်လျှင် နှစ်ပြန်ကြော် ပိဿာ (၁၅၀)ခန့် ကြော်ရပြီး ညောင်လေးပင်၊ ဒိုက်ဦး၊ ပြွန်တန်ဆာ၊ ရန်ကုန်တို့သို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ လုပ်သားခအနေဖြင့် တစ်ရက် (၂)သောင်းပေးရကာ လောင်စာနှင့် ဆီများလိုအပ်ချက်ရှိနေကြောင်း၊ ဈေးကွက်အတွင်း၌ နှစ်ပြန် ကြော်စုံ တစ်ပိဿာကို (၁၆၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ ပဲဖူးကြော် တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ တစ်လလျှင် နှစ်ပြန်ကြော် ပိဿာ (၂) ထောင်ခန့် ရောင်းချရကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)