
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဆန်စက်လုပ်ငန်းရှင်များအသင်းရုံး၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့၊ န့နက် (၁၀:၀၀)နာရီအချိန်တွင် ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးက စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် တားမြစ်ချက်များအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၁) ပုဒ်မ (၂၃) အရ ကုန်စည်နှင့် စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံအချက်များထဲမှ စားသုံးသူက လက်ခံနိုင်သောအရည်အသွေးရှိခြင်း၊ ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန် မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ နမူနာပစ္စည်းတွင် ဖော်ပြထားသည့်အတိုင်း တူညီစွာ ပါရှိခြင်း၊ အာမခံချက်ပေးထားသည့် ကာလ(သို့) အသုံးပြုနိုင်မည့် ကာလအတွင်း အပိုပစ္စည်းရရှိနိုင်ခြင်း၊ ပြန်လည်ပြုပြင်နိုင်ခြင်း(သို့) လဲလှယ်နိုင်ခြင်း၊ ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်၊ ကြော်ငြာ၊ ကမ်းလှမ်းချက် (သို့) အရောင်းမြှင့်တင်ခြင်းတွင် ပါဝင်သော ဖော်ပြချက်နှင့် ကိုက်ညီမှုရှိခြင်း စသည်တို့ကို စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
