ယခုတစ်ပတ်တွင် ဒိုက်ဦးမြို့နယ်၏ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး စျေးနှုန်းများအနေဖြင့် ယူရီးယား ပုလဲ ၅၀ kg (မြင်းပျံ) တစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်၊ အာမိုမြေသြဇာ ဒိုင်းမွန်းစတား 50 kg တစ်အိတ်လျှင် ၁၅၅၀၀၀ ကျပ်ဖြင့် ယခင်အပတ်ကထက် ဈေးနှုန်းလျော့နည်းသွားကြောင်း သိရှိရပါသည်။ ထို့အပြင် မာဃမင်းမြေသြဇာ ၅၀ kg တစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်၊ ရွှေနဂါးမြေသြဇာ ၅၀ kg တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်၊ မက်ဂါမြေသြဇာ ၅၀ kg တစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်၊ တက်တိုးမြေသြဇာ (ရွှေခြင်္သေ့) ၅၀ kg တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ် ၊ ကောမတ်မြေသြဇာ ၅၀ kg တစ်အိတ်လျှင် ၁၂၅၀၀၀ ကျပ်တို့ဖြင့် ယခင်အပတ်အတိုင်း ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ ယခုအပတ် ပိုးသတ်ဆေး ဈေးနှုန်းအနေဖြင့် ဇိုင်ကလုံး ပိုးသတ်ဆေး (မြန်မာ့သြဘာ) ၁ လီတာ တစ်ဘူးလျှင် ၄၅၀၀၀ ကျပ် ၊ ပိုးမင်းသားပိုးသတ်ဆေး (မာဃမင်း) ၂၅၀ g တစ်ထုပ်လျှင် ၁၂၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA (ပဲခူး)