Main menu

ပေါက်ခေါင်းဒေသထွက် မုန်လာဥဖြူဈေးနှုန်းဈေးကွက်

Powered by Drupal

        ပေါက်ခေါင်းမြို့နယ်တွင် မုန်လာဥဖြူများထွက်ပေါ်နေပြီဖြစ်သဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၂.၁၁.၂၀၂၂) နေ့ နံနက်ပိုင်းတွင် မုန်လာဥဖြူစိုက်ပျိုးသော သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာသို့ သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။

         ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာမှ မုန်လာဥစိုက်ပျိုးသူ တောင်သူ ဦးဆယ်မောင်မှ မုန်လာဥစိုက်ဧက (.၂၅) ဧက စိုက်ပျိုးပြီး စိုက်ပျိုးသည့်မျိုးမှာ ကီလိုမျိုးဖြစ်ပါသည်။ မုန်လာဥပင်ကို သီတင်းကျွတ်လတွင် စိုက်ပျိုးပြီး စိုက်ပျိုးပြီး (၂) လနှင့် (၂) လခွဲအကြာတွင် မုန်လာဥများ စတင်ခူးဆွတ်ရပါသည်။ မုန်လာဥ (.၂၅) ဧကတွင် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် ၈၅၀၀၀ ကျပ်ခန့် ကုန်ကျသည်ဟု သိရှိရပါသည်။ ထွက်ရှိလာသောမုန်လာဥများကို ပေါက်ခေါင်းဈေးသို့ ရောင်းချသည့်အပြင် ပြည်ဈေးကွက်သို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ မုန်လာဥဈေးမှာ အချောတစ်လုံးလျှင် ၁၀၀ ကျပ်ဖြင့် လက်လီရောင်းချသလို ၆၀ ကျပ်ဖြင့် လက်ကားရောင်းချကြောင်း သိရှိရပါသည်။ မုန်လာဥဖြူစိုက်ပျိုးသူတောင်သူအနေဖြင့် အသားတင်အကျိုးအမြတ်မှာ (.၂၅) ဧကတွင် ၆၅၆၀၀ ကျပ်ခန့် ရရှိသည်ဟု သိရှိရပါသည်။

         မုန်လာဥဖြူသည်  နှစ်စဉ်ဆောင်းရာသီတွင် ထွက်ပေါ်လာသဖြင့် ရာသီပေါ်အသီးအနှံတစ်မျိုးအဖြစ် စားသုံးသူများဝယ်ယူစားသုံးကြသဖြင့် ပေါ်စအချိန်တွင် ဈေးကောင်းများရရှိပြီး၊ လှိုင်လှိုင်ပေါ်လာချိန်တွင် ဈေးအနည်းငယ်ကျလာပါသည်။ စိုက်ပျိုးသူ တောင်သူအနေဖြင့်လည်း ပေါ်စတွင် ဈေးကောင်းရရှိပြီး နောက်ပိုင်းတွင် ဈေးအနည်းငယ်ကျလာသော်လည်း တွက်ခြေကိုက်သည့်သီးနှံတစ်မျိုးဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

DOCA(ပဲခူး)