Main menu

ရွှေတောင်ဂေါ်ဖီထုတ် ပြည်ဈေးကွက်တွင်အရောင်းအဝယ်သွက်

Powered by Drupal

        ဂေါ်ဖီထုပ်သည် ဟင်းသီးဟင်းရွက်အုပ်စုတွင် အပါအဝင်ဖြစ်ပြီး စားသုံးသူများကြိုက်နှစ်သက်သည့် ဟင်းရွက်တစ်မျိုးဖြစ်ပါသည်။ ဂေါ်ဖီထုပ်ကို လူအများစုက ဟင်းချိုချက်ခြင်း၊ အသားတစ်မျိုးမျိုးနှင့် အစိမ်းကြော်ကြော်၍ စားသုံးခြင်း၊ အသုပ်ထဲထည့်၍ စားသုံးခြင်း၊ အကြော်စုံများနှင့်တွဲဖက်၍ စားသုံးခြင်းနှင့် တို့စရာအဖြစ် စားသုံးခြင်းဖြင့် အမျိုးမျိုးစားသုံးကြပါသည်။ ယခုအချိန်တွင် ဂေါ်ဖီထုပ်ကို ဈေးများတွင်ရောင်းချနေကြောင်း တွေ့ရှိရပါသည်။ ဂေါ်ဖီထုပ်ပင်သည် ရှမ်းပြည်ဘက်တွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးပြီး၊ မြေပြန့်ဒေသများတွင် ဆောင်းရာသီ စိုက်ပျိုးကြပါသည်။ ထို့ကြောင့် ဂေါ်ဖီထုပ်သည် ရာသီပေါ်အစားအစာမဟုတ်ဘဲ တစ်နှစ်ပတ်လုံး ဝယ်ယူစားသုံး၍ ရရှိသောသီးနှံတစ်မျိုးဖြစ်ပါသည်။ ဂေါ်ဖီထုပ်အပင်များသည်  စတင်စိုက်ပျိုးပြီးနောက် ရက်ပေါင်း ၉၀ မှ ၁၀၀ အတွင်း စတင်ထွက်ရှိပါသည်။ တစ်ဧစိုက်ပျိုးလျှင် ဂေါ်ဖီအထုပ်ပေါင်း (၁၀၀၀) အထိ ထွက်ရှိသည်ဟု သိရှိရပါသည်။

        ပြည်ခရိုင်အတွင်းရှိ ရွှေတောင်မြို့နယ်တွင် ကျီးသဲရွာနှင့် မြို့မကျေးရွာများတွင် ဂေါ်ဖီထုပ် အများဆုံးစိုက်ပျိုးထုတ်လုပ်ကြပါသည်။  စိုက်ဧကအနေဖြင့် (၃) ဧကရှိ၍ ရွှေတောင်ဒေသမှ ထွက်ရှိလာသောဂေါ်ဖီထုပ်များကို ပြည်မြို့ဈေးကွက်သို့ လက်လီ/လက်ကား တင်ပို့ရောင်းချကြသလို ရန်ကုန်မြို့သို့လည်း နေ့စဉ်တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ရောင်းချသောဈေးနှုန်းများမှာ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)