Main menu

အောင်မင်္ဂလာအဝေးပြေးကားဂိတ်အတွင်း သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် (၂၆.၁.၂၀၂၆)ရက်နေ့တွင်၊ စည်ပင်ကွပ်ကဲမှူးရုံးမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူလူထု၏ အကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ရန်ရည်ရွယ်၍ ခရီးသည်တင် ကားယာဉ်လိုင်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများနှင့် စားသုံးသူများ နစ်နာမှုမရှိစေရေးအတွက် သိသည့်သိထိုက်သည့်အချက်များအား အသိပညာပေးခြင်းလုပ်ငန်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့်ဒေါ်မိုးမိုးကြည်က ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်အသင်းမှသတ်မှတ်ထားသော စည်းကမ်းချက်များညွှန်ကြားထားသည့် အချက်(၂၂) ချက်အပေါ်အခြေခံ၍ စစ်ဆေးခဲ့ရာ အဆိုပါစစ်ဆေးမှုများတွင် သတ်မှတ်ထား သောယာဉ်းခရီးခနှုန်းထားများကိုလိုက်နာမှုရှိ/ မရှိ၊ မိမိတို့ယာဉ်လိုင်းများမှပေးအပ်သည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများကို စားသုံးသူများ၏ လိုအင်ဆန္ဒများနှင့် အညီလုံခြုံစိတ်ချစွာပို့ဆောင်ပေးနေသည့် ခရီးသည်ပို့ဆောင်မှုအခြေအနေများတွင် စားသုံးသူများအနေဖြင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်ဖွယ်ရရှိစေရန်၊ စားသုံးသူများအနေဖြင့် အခြေခံလိုအပ်ချက်အပေါ် စိတ်ကျေနပ်ဖွယ်မရှိဘဲ၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ဖြစ်သင့်ဖြစ်ထိုက်သည့် ကုစားခွင့်ရရှိစေရန် သက်သေအထောက်အထားများနှင့်တကွ စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)