
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပါသည်။ ထို့သို့ဆောင်ရွက်ရာတွင် လက်ပံတန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြားဌာန ဆိုင်ရာများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၆ခုနှစ်ဇန်နဝါရီလ ၂၁ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် လက်ပံတန်းမြို့၊ လက်လီ/ လက်ကားဆီဆိုင်များသို့ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်းဆီများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှုအခြေအနေများ၊ စားအုန်းဆီရောင်းချမှုဈေးနှုန်းများ၊ ခွဲတမ်းရရှိသော ဆီပိဿာအတိုင်း ရောင်းချမှုရှိ/ မရှိ၊ ဗီနိုင်းများချိတ်ဆွဲထားမှု့ရှိ/ မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း ရှိ/ မရှိ၊ ပြည်သူများလက်ဝယ်သို့ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
