Main menu

ရွှေဘိုဈေးကွက်တွင် ကုလားပဲဆံနှင့် ကုးလားပဲလုံးဈေးငြိမ်လျက်ရှိ

Powered by Drupal

ကုလားပဲဆံ

                    ရွှေဘိုမြို့ဈေးကွက်အတွင်း ဇန်နဝါရီလ၊ တတိယအပတ်တွင်ရောင်းချသည့် ကုလားပဲဆံဈေးနှုန်း မှာ()ပြည်လျှင်(၈၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၂၈၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲဆံ (၁)ပြည်လျှင်(၈၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့်ဈေးနှုန်းတူညီကြောင်း၊ ကုလားပဲဆံများ ရွှေဘိုဈေးကွက်သို့ အသစ်ဝင်ရောက် ခြင်းမရှိသေးဘဲ အဟောင်းများသာရောင်းချခြင်း၊ စားသုံးသူများမှလိုအပ်သလောက်သာ ဝယ်ယူကြခြင်းနှင့် ပုံမှန်သာ ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်နေသောကြောင့် ဈေးငြိမ်နေခြင်းဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော်သည့် ကုလားပဲဆံကြော်ဖိုများ၊ အလှူမင်္ဂလာ ပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

ကုလာပဲလုံး

              ရွှေဘိုမြို့ဈေးကွက်အတွင်း ဇန်နဝါရီလ၊ တတိယအပတ်တွင်ရောင်းချသည့်ကုလားပဲလုံးဈေးနှုန်းမှာ ()ပြည်လျှင်(၆၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၉၆၀၀ဝိ/)ကျပ်ဖြစ်ကြောင်း၊ယခင်အပတ်နှင့်ယခုအပတ်တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါကယခင်အပတ်၌ ကုလားပဲလုံး(၁)ပြည်လျှင် (၆၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း တူညီကြောင်း၊ ကုလားပဲလုံးများ ရွှေဘိုဈေးကွက်သို့ အသစ်ဝင်ရောက်ခြင်းမရှိသေးဘဲ အဟောင်းများသာ ရောင်းချခြင်း၊ စားသုံးသူများမှလိုအပ်သလောက်သာ ဝယ်ယူကြခြင်းနှင့် ပုံမှန်သာဝင်ရောက်ပြီး အရောင်း အဝယ်ဖြစ်နေသောကြောင့် ဈေးငြိမ်နေခြင်းဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကုလားပဲသုတ်ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံ ရောင်းချသည့် ဆိုင်များမှသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)