
စစ်ကိုင်းတိုင်းဒေသကြီးသည် စိုက်ပျိုရေးကိုအခြေခံပြီး အဓိကထားစိုက်ပျိုးသော တိုင်းတစ် တိုင်းဖြစ်ပြီး ပြည်တွင်းကုန်သွယ်မှုကဏ္ဍတွင်ပါဝင်သည့်အတွက် စစ်ကိုင်းမြို့ရှိ ပဲနီပြား၊ ပဲဇီးကွက်၊ ပဲလွန်း၊ စားတော်ပဲ ၊ကုလားပဲများကိုလည်း စိုက်ပျိုးထားကြောင်းသိရသည်။ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလစတုတ္ထပတ်တွင် စစ်ကိုင်းမြို့မဈေးရှိ ပဲနီပြားနှင့်ပဲဇီးကွက် တစ်တင်းလျှင် (၁၄၄၀၀၀)ကျပ်၊ပဲလွန်းတစ်တင်းလျှင် (၉၆၀၀၀)ကျပ်၊ စားတော်ပဲတစ်တင်းလျှင် (၁၂၈၀၀၀)ကျပ်၊ ကုလားပဲဆံ တစ်တင်းလျှင် (၁၁၂၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း၊ ပဲများကိုစားသုံးခြင်းဖြင့် ပရိုတင်း ဓာတ်ပါဝင်မှု မြင့်မားသောကြောင့် လူအများစုစားသုံးကြပါသည်။ မြန်မာလူမျိုးတို့သည် အလှူ အတန်းပြုလုပ်ရာတွင် ပဲများကို မပါမဖြစ် အဓိကထားချက်ပြုတ်ကြပါသည်။ ပဲကို စားသုံးမှု များပြားသလို ဒေသအတွင်းရှိ ဝယ်ယူသုံးစွဲကြသည့်အတွက် အရောင်းအဝယ်ဖြစ်ကြောင်း ပဲမျိုးစုံရောင်းသူထံမှ သိရပါသည်။
Doca(စစ်ကိုင်း)
