
ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် ဇန်နဝါရီလ(၂၂)ရက်နေ့တွင် ကျောက်ဆည်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းပြီး အေးမြကြည်လင်စျေးနှင့် မြို့မစျေးအတွင်းရှိ ဆန်အရောင်းဆိုင်များအား ဆန်လက်ကျန်စာရင်းနှင့် ဆန်စျေးနှုန်းများအား သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် စျေးကွက်အတွင်း ဆန်ဝင်ရောက်မှုအခြေအနေနှင့် ဆန်များအား ရောင်းချရာတွင် သက်ဆိုင်ရာမှသတ်မှတ်ထားသော ရည်ညွှန်းစျေးနှုန်းများအတိုင်းရောင်းချနိုင်ရေး၊ ဆန်သိုလှောင် ရောင်းချရာတွင်လည်း စျေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်း မျိုးမရှိစေရေး၊ ဆန်များသိုလှောင်ရောင်းချပါက ဆန်စပါးသိုလှောင်ရုံများ မြန်မာ့ဆန်စပါးအွန်လိုင်း (MyRo)တွင် မှတ်ပုံတင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ချိတ်ဆက်ပြီး ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ကွင်းဆင်းစစ်ဆေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)
