
( ၂၈.၁.၂၀၂၆ ) ရက်နေ့တွင် ကလေးမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းဝေးခန်းမတွင် စားသုံးသူရေးရာဦးစီးဌာမှ ဝန်ထမ်း ( ၂ ) ဦးနှင့် ကလေးမြို့ပေါ်ရှိ ဆီခွဲတမ်း ရရှိသည့် လက်လီ ကိုယ်စားလှယ် လုပ်ငန်းရှင် ( ၈ ) နှင့် တွေ့ဆုံ၍ အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါအစည်းအဝေးတွင် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာထုတ်ယူသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက်ရည်ရွယ်၍ ချိုသာသော သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့်ရောင်းချပေးနိုင်ရေးအတွက်အစည်းအဝေး ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
