
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ဆိပ်ငယ်စည်ပင်သာယာဈေးကြီးနှင့်အခြားသော ဈေးတို့တွင် ဝက်အူချောင်းများ ရောင်းချလျက်ရှိပါသည်။ ဝက်အူချောင်းများကို မိမိကိုယ်တိုင်ပြုလုပ်၍ သော်လည်ကောင်း၊ အခြားမြို့များမှယူ၍လည်းကောင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မြိတ်မြို့တွင် ပုလောဝက်အူချောင်းများ ပိုမိုအရောင်းသွက်ကြောင်းလည်း သိရှိရပါသည်။ ဝက်အူ ချောင်းသည် လျင်မြန်စွာချက်ပြုတ်စားသောက်နိုင်သည့်အတွက် အချိန်ကုန်သက်သာစေသော အစား အစာတစ်မျိုးဖြစ်ပါသည်။ ကိုက်ကြေးကိုက်များတွင် ထည့်သွင်းသုံးစွဲကြသလို ဝက်အူချောင်းများကို စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း လူကြိုက်များ သဖြင့် ဝယ်ယူမှုများပြားလျက်ရှိပါသည်။
၂၀၂၆ ခုနှစ်၊ မြိတ်မြို့တွင် ဖေဖော်ဝါရီလဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော ပုလော ဝက်အူချောင်း ဈေးနှုန်းမှာ ဝက်အူချောင်း(၁) ပိဿာလျှင်(၄၅၅၀၀) ကျပ် ၊ (၅၀)ကျပ်သား လျှင် (၂၃၅၀၀)ကျပ်၊ (၂၅) ကျပ်သားလျှင် (၁၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း၊ လူကြီး လူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ဝက်အူချောင်း ရောင်းချသူ ထံမှ သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)
