
မြန်မာနိုင်ငံတွင် ရော်ဘာကို တောင်ပိုင်းဒေသများအနက် မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် အများအပြားစိုက်ပျိုးကြပြီး ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးတွင်လည်း စိုက်ပျိုးကြပါသည်။ အဓိက စိုက်ပျိုးကြသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့သည် ဒေသချင်းဆက်စပ်မှုူများရှိပြီး ရာသီဥတု အခြေအနေများမှာလည်း တူညီကြပါသည်။ ရော်ဘာသည် နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေများ ရရှိနေ သည့် ထုတ်ကုန်ဖြစ်သည်နှင့်အညီ ရော်ဘာ ကို အဓိကစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်လျက်ရှိကြသည်။ ရော်ဘာပင်သည် နှစ်ရှည်ပင် ဖြစ်ပြီး စတင်စိုက်ပျိုးချိန်မှ အချိန် (၇)နှစ်မှ (၉)နှစ်ခန့် ကြာမြင့်သည့်အချိန်မှသာ အစေးထုတ်ယူ နိုင်ခြင်းကြောင့်စိုက်ပျိုးရာတွင် မိမိတို့ဒေသ၏ရေမြေ၊ရာသီဥတုနှင့်ကိုက်ညီမှုရှိသည့် အထွက်ကောင်းများအား ရွေးချယ်စိုက်ပျိုးကြရန် လိုအပ်ပါသည်။ လက်ရှိ ထားဝယ်မြို့တွင် RSS-3 နှင့် RSS-5 နှစ်မျိုး သာထွက်ရှိကြောင်း သိရှိရပါသည်။
တနင်္သာရီတိုင်းဒေသကြီးမှ ယခုပတ်အတွင်း ရော်ဘာဈေးနှုန်းအခြေအနေမှာ RSS -3 တစ် ပေါင်လျှင်(၂၇၀ဝိ/-)ကျပ်နှင့် RSS-5 တစ်ပေါင်လျှင်(၂၆၀ဝိ/-)ကျပ်ဈေးနှုန်းရှိကြောင်း သိရှိရပါသည်။ သို့ပါ၍ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုအပတ်ဈေးနှုန်း အနည်းငယ်မြင့်တက်လျက်ရှိပြီး ထားဝယ်တွင် ရော်ဘာဈေးနှုန်းအနေဖြင့် တောင်သူများတွက်ချေကိုက်လျက်ရှိကြောင်း သိရှိရပါ သည်။
DOCA(တနင်္သာရီ)
