
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဆောင်းသီးနှံ သီးထပ်အဖြစ် ပဲပုပ်ကို ဟင်္သာတမြို့နယ်တွင် ၁၂၅၈၇ ဧက၊ ဇလွန်မြို့နယ်တွင် ၆၉၄၀ ဧက၊ လေးမျက်နှာ ၁၀၇၈၃ ဧက နှင့် စုစုပေါင်း ၃၀၃၁၀ ဧက ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ နှောင်းပိုင်းက စိုက်ပျိုးခဲ့သော ဒီဇင်ဘာ တတိယသီတင်းပတ်တွင် ပဲပုပ်သီးနှံများ စတင်ရိတ်သိမ်းပြီး ဈေးကွက် ဝင်ရောက်လာခဲ့ပါသည်။ တစ်ဧကလျှင် ပျမ်းမျှ ၂၅ တင်းမှ ၃၀ တင်းကြားထွက်ရှိပြီး စတင်ထွက်ရှိချိန် ဒီဇင်ဘာနောက်ဆုံးပတ်တွင် ပဲပုပ် တစ်တင်းလျှင် ၁၀၀၀၀၀/- ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသော်လည်း ယခု ဖေဖော်ဝါရီ ပထမပတ်တွင် ပဲပုပ်တစ်တင်းလျှင် ၁၃၅၀၀၀/- ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ ယခင်လ ဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါက ၃၅၀၀၀/- ကျပ် ပိုမိုရရှိသော ကြောင့် ယခင်နှစ်ဈေးနှုန်းထက်ပင် ဈေးကောင်းရလျက်ရှိပါသည်။ ပဲပုပ် တစ်ဧကလျှင် ပျမ်းမျှ ကုန်ကျစရိတ် မှာ ၆ သိန်းကျပ်ခန့်သာရှိသဖြင့် ပဲပုပ်စိုက်တောင်သူများ တစ်ဧကပျမ်းမျှ ကျပ် သိန်း ၂၅ သိန်း ဝန်းကျင် ခန့် အကျိုးအမြတ်ရလျက်ရှိကြောင်း ပဲပုပ်စိုက်တောင်သူများထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)
