
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက်သည် ပန်းတနော်မြို့နယ် မြို့နယ်ဦးစီးမှူးရုံး အစည်း အဝေး ခန်းမတွင် မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း မြို့နယ်အတွင်း စားသောက်ကုန်လုပ်ငန်းသုံးဆီ ထုတ်ယူ သုံးစွဲနေသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဆီဖြန့်ဖြူးပေးမှုအား ရှင်းလင်း ပြောကြားခြင်းကို ၄-၂-၂၀၂၆ ရက်နေ့ နေ့လယ် ၁၄ နာရီအချိန်တွင် ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ ကြသည်။
ဟောပြောဆွေးနွေးရာတွင် ပန်းတနော်မြို့နယ်အတွင်း လုပ်ငန်းသုံးဆီလျောက်ထား လုပ်ငန်းရှင်များအား မိမိတို့ လုပ်ငန်းလိုင်စင် ပြုလုပ်ရေး၊ လုပ်ငန်းသုံး စားအုန်းဆီများ စနစ်တကျ ခွဲဝေပေးနေမှု အခြေအနေများ၊ ဆီရရှိမှုနှင့် ခွဲဝေဖြန့်ဖြူးပေးမည့် အခြေအနေများကို ရှင်းလင်း ပြောကြားပြီး လက်ကား/လက်လီ စာရင်းမှန်၊ နေရာမှန်၊ ဈေးကွက်ဖြန့်ဆီ ဈေးကားဆီ၊ အရံဆီ၊ စက်မှုကုန်ကြမ်းဆီ၊ အချိန်မှန်၊ ဈေးနှုန်းမှန် အရေအတွက်မှန်၊ အချိန်အတွယ်နှင့် အရေအသွေးမှန်ကန်စွာ ဖြန့်ဖြူးမှုကို အသေးစိတ်ရှင်းလင်းပြောကြားပြီးနောက် လုပ်ငန်းသုံးဆီ လုပ်ငန်းရှင်များက ရရှိဆီပိဿာများကို စနစ်တကျငွေပေးချေပြီး လုပ်ငန်းအတွက် အသုံးပြုနိုင်ရန်၊ အခါအားလျော်စွာ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းများ ပြုလုပ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လုပ်ငန်းအတွက် အသုံးမပြုပဲ သိုလှောင်ရောင်းချခြင်းများ စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပန်းတနော်မြို့နယ်အတွင်း လုပ်ငန်းသုံး ဆီထုတ်ယူသုံးစွဲသည့် လုပ်ငန်းရှင် ၇၈ ဦးတို့အား ဇန်နဝါရီလအတွက် စားအုန်းဆီ ရရှိမှု ဆီပိဿာ ၉၃၅၀၊ ပေပါ ၈၅ပေပါ၊ တန် ၁၅.၂၆ တန် ကို ဇန်နဝါရီလ သတ်မှတ်ရက်အတွင်းရောက်ရှိမှုများကို စားအုန်းဆီ လက်ကားကိုယ်စားလှယ် များက လုပ်ငန်းရှင်များထံသို့ သတ်မှတ်ရည်ညွှန်းစျေးဖြင့် ဆီဖြန့်ဖြူး ရောင်းချပေးကြောင်း သိရသည်။
DOCA(ဧရာဝတီ)
