
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၆-၂-၂၀၂၆ ရက်နေ့တွင်ထုတ်ပြန်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီတစ်လီတာ၏ သတ်မှတ် ရည်ညွှန်းဈေးများမှာ 92 Octance ၂၄၅၀ ကျပ်၊ 95 Octance ၂၅၁၀ ကျပ်၊ ရိုးရိုးဒီဇယ် ၂၅၇၅ကျပ်၊ ပရီမီယမ်ဒီဇယ် ၂၈၅၅ ကျပ်ဖြစ်ကြောင်း သိရှိရသည်။
မြင်းခြံမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင် ၂၄ ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်း များအနေဖြင့် 92 Octance ၂၅၁၀ ကျပ်၊ 95 Octance ၂၅၇၀ ကျပ်၊ ရိုးရိုးဒီဇယ် ၂၆၃၅ ကျပ်၊ ပရီမီယမ်ဒီဇယ် ၂၉၁၅ ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ် ရည်ညွှန်းဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် 92 Octance တွင် ၂၀ ကျပ်၊ 95 Octance တွင် ၃၅ ကျပ်၊ ရိုးရိုးဒီဇယ်တွင် ၈၀ ကျပ်၊ ပရီမီယမ်ဒီဇယ်တွင် ၈၅ ကျပ်တို့ အသီးသီးဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
