
ကယားပြည်နယ်၊ လွိုင်ကော်မြို့ ၊ သီရိမင်္ဂလာဈေးတွင် လက်လီ/လက်ကား ဈေးရောင်း ဈေးဝယ်သူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိပါသည်။ ပြည်နယ်အတွင်းစားသုံးကုန်/လူသုံး ကုန်များပစ္စည်း၊ စားဖိုဆောင်သီးနှံများကို အများအားဖြင့်အခြားမြို့ကြီးများမှတဆင့် ဝယ်ယူ ရောင်းချကြသည်။ ဒေသအတွင်းမှာ ခရမ်းချဉ်သီးကို စိုက်ပျိုးသော်လည်း အခြားမြို့ကြီးများ ဖြစ်သော တောင်ကြီး ၊ အောင်ပန်း ၊ ကလောတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိပါသည်။ ခရမ်းချဉ်သီးကို အင်းသီး၊ ဗမာသီး၊ ခေါင်းစိမ်းသီးများဟူ၍ ရှိပါသည်။ ဈေးကွက်တွင် အများဆုံး ဝင်ရောက်သော ခရမ်းချဉ်သီးမှာ အင်းသီးများဖြစ်သည်။ အလုံးအရွယ် အစားအလိုက် အကြီး၊ အသေးပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုများရှိပါသည်။ ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ခရမ်း ချဉ်သီး တစ်ပိဿာလျှင် ကျပ်(၄၅၀၀မှ ၅၀၀၀)အထိရှိပြီး တတိယပတ်တွင် တစ်ပိဿာလျှင် ကျပ်(၃၅၀၀မှ ၄၀၀၀) ဈေးနှုန်း ပေါက်လျက်ရှိပြီး နှိုင်းယှဉ်ပါကကျပ် (၅၀၀)ကျပ်ခန့် ကွာခြား၍ ဈေးအနည်းကျလာပါသည်။ ခရမ်းချဉ်သီးများလည်း ဈေးကွက်အတွင်းသို့ ဝင်ရောက်လာမှုသည် ပုံမှန်ဝင်ရောက်လျက်ရှိ၍ အရောင်းအဝယ်လည်းပုံမှန်လည်ပတ်လျက်ရှိကြောင်း လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ ခရမ်းချဉ်သီးရောင်းချနေသော ဈေးသည်များထံမှ သိရှိရပါသည်။
DOCA(ကယား)
