စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် စပါး /ဆန် ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ နိုဝင်ဘာလ စတုတ္ထပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀ ၊ မန္တလေးသို့ အိတ်ရေ၄၃၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၈၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၈၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၀၁၆၀၀၊ တန်အားဖြင့် ၅၀၈၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၁၅၀၀၊ မန္တလေးသို့ အိတ်ရေ ၄၄၁၀၀၊ နေပြည်တော်သို့ အိတ်ရေ၁၀၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၉၅၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၀၅၆၀၀ ၊ တန်ချိန်အားဖြင့် ၅၂၈၀တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ယခုအပတ်အတွင်း အိတ်ရေ ၄၀၀၀၊ တန်အားဖြင့် ၂၀၀တန် ပို၍ စီးထွက်ခဲ့ပါသည်။
ရွှေဘိုမြို့၏ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၂၄၅၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ကျပ်၁၄၅၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် ၆၅၀၀၀၊ ၂၀၂၁-၂၀၂၂ခုနှစ်ထွက် နွေစပါး ရွှေဝါထွန်းစပါး တင်း၁၀၀လျှင် ကျပ် ၁၁၀၀၀၀၀၊ ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၃၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)