
၉.၂.၂၀၂၆ ရက်နေ့ ဘုရင့်နောင်ပွဲရုံတွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ ကြူကုတ် (ရှယ်) တစ်ပိဿာ ဈေးနှုန်းများမှာ ကျပ် ၁၁၈၀၀၊ အောင်ပန်းထူး-၂ ကျပ် ၄၀၀၀၊ အောင်ပန်းထူး-၃ ကျပ် ၅၅၀၀၊ အောင်ပန်းထူး-၄ ကျပ် ၇၀၀၀၊ အောင်ပန်းထူး-၅ ကျပ် ၇၈၀၀၊ ကြက်သွန်နီ တစ်ပိဿာ ဈေးနှုန်းများမှာ ဆိပ်ဖြူ(သစ်) ရှယ် ကျပ် ၁၈၀၀၊ ဆိပ်ဖြူ(သစ်) လတ်ကြီး ကျပ် ၁၉၀၀၊ ဆိပ်ဖြူ(သစ်) လတ်သန့် ကျပ် ၁၉၀၀၊ ဆိပ်ဖြူ(သစ်) လတ်ချော ကျပ် ၁၅၀၀၊ မြစ်သား(သစ်)ရှယ် ကျပ် ၂၄၀၀၊ မြစ်သား (သစ်) လတ်ကြီး ကျပ် ၂၅၀၀၊ မြစ်သား (သစ်) လတ်သန့် ကျပ် ၂၄၀၀၊ မြစ်သား (သစ်) လတ်ချော ကျပ် ၂၀၀၀ တို့ရှိကြောင်း၊ ယခုတစ်ပါတ်တွင် ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ် ၅၀၀/၇၀၀ တက်ပါကြောင်းနှင့် ကြက်သွန်နီဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ် ၂၀၀/၃၀၀/၅၀၀ ကျပါကြောင်း၊ ယနေ့ ၉.၂.၂၀၂၆ ရက်နေ့တွင် ကြက်သွန်နီ ကား(၃၃)စီး (၁၉၈၀၀၀) ပိဿာ၊ ကြက်သွန်ဖြူမှာ (၇၁၅) အိတ်နှင့် (၁၄၃၀၀) ပိဿာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရှိရပါသည်။
DOCA(ရန်ကုန်)
