Main menu

ကသာခရိုင် မိုးစပါး ၄၉ ရာခိုင်နှုန်းကျော် ရိတ်သိမ်းပြီးစီး

Powered by Drupal

          ၂၀၂၂-၂၀၂၃ခုနှစ် ကသာခရိုင် မိုးစပါးသစ် ရိတ်သိမ်းမှုမှာ နိုဝင်ဘာလ တတိယအပတ်တွင် ၄၉.၄၀ ရာခိုင်နှုန်း ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရ ပါသည်။

          ကသာခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်၏ မိုးစပါးရိတ်သိမ်းပြီးစီးမှုမှာ ကသာမြို့နယ်စိုက်ဧက (၃၈၅၀၂)ဧကရှိပြီး ရိတ်သိမ်းဧက (၁၂၇၇၁)ဧကဖြစ်ကြောင်း ရိတ်သိမ်းပြီးစီးမှုရာခိုင်နှုန်းမှာ (၃၃.၁၆)ရာခိုင်နှုန်းဖြစ်ကြောင်း၊ ထီးချိုင့်မြို့နယ်တွင် စိုက်ဧက(၄၀၂၇၁)ဧကရှိပြီး၊ ရိတ်သိမ်းဧက(၂၂၄၁၀)ဧကဖြစ်၍ ရိတ်သိမ်းပြီးစီးမှုရာခိုင်နှုန်းမှာ (၅၅.၆၄)ရာခိုင်နှုန်းဖြစ်ကြောင်း၊ အင်းတော်မြို့နယ်တွင် စိုက်ဧက(၅၅၉၈၅)ဧကရှိပြီး ရိတ်သိမ်းဧက(၂၃၅၀၅)ဧကဖြစ်၍ ရိတ် သိမ်းပြီးစီးမှုရာခိုင်နှုန်းမှာ (၄၁.၉၈)ရာခိုင်နှုန်းဖြစ်ကြောင်းနှင့် ဗန်းမောက်မြို့နယ်တွင် စိုက်ဧက(၃၈၈၅၇)ဧကရှိပြီး ရိတ်သိမ်း ဧက(၂၇၀၈၀)ဧကဖြစ်၍ ရိတ်သိမ်းပြီးစီးမှုရာခိုင်နှုန်းမှာ(၆၉.၆၉)ရာခိုင်နှုန်းဖြစ်ကြောင်း၊ ကသာခရိုင်အတွင်း မိုးစပါးစိုက်ဧကပေါင်း (၁၇၃၆၁၅)ဧက၊ ရိတ်သိမ်းဧကပေါင်း (၆၅၇၆၆)ဧကရှိပြီး ရိတ်သိမ်းပြီးစီးမှုရာခိုင်နှုန်းမှာ ၄၉.၄၀ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

          ခရိုင်အတွင်း မိုးစပါးရိတ်သိမ်းပြီးစီးမှုအနေဖြင့် နေ့စဉ်တိုးတက်လျက်ရှိပြီး ယခုနှစ် ဒီဇင်ဘာလ ကုန်ခန့်တွင် ကွင်းပိတ်ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း သုံးသပ်သိရှိရပါသည်။

DOCA(စစ်ကိုင်း)