Main menu

လားရှိုးမြို့အတွင်း ဓာတ်မြေဇာနှင့် ပိုးသတ်ဆေးဈေးနှုန်း အခြေအနေ

Powered by Drupal

     ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ဓာတ်မြေဩဇာဈေးနှုန်း မြင့်တက်လျှက်ရှိပြီး လူသုံးများသည့်တံဆိပ်များနှင့် ဈေးနှုန်းများမှာ ရွှေတောင်ပုလဲ ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်၊ အာမိုပုလဲ(ဓာတ်စာ) ၅၀ကီလိုဂရမ် တစ်အိတ်လျှင် ၇၇၀၀၀ကျပ်၊ လှည်းယဉ် (၁၀:၁၀:၅) ကီလိုဂရမ် တစ်အိတ်လျှင် ၈၃၀၀၀ကျပ် ဖြင့်အသီးသီးမြင့် တက်လျက်ရှိသည်။

         ပိုးသတ်ဆေးဈေးနှုန်းမှာလည်း အလားတူမြင့်တက်လျက်ရှိရာ ဌက်ကြီးတောင် ၁၀၀စီစီတစ်ဘူးလျှင် ၁၈၀၀၀ကျပ်၊ အလန်း(၁၅) WP ၁၀၀ဂရမ်တစ်ဘူးလျှင် ၁၄၀၀၀ကျပ်၊ ဖို့စ်တင်းအီးစီ (၁၀၀)စီစီတစ်ဘူးလျှင် ၄၅၀၀ကျပ်၊ ကပ္ပတိန် (၁၀၀) ဂရမ် တစ်ဘူးလျှင် ၉၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)