Main menu

“မုန်လာဥဖြူစိုက်တောင်သူများအပိုဝင်ငွေရရှိ”    

Powered by Drupal

        ကျောက်ဆည်ခရိုင်၊စဉ့်ကိုင်မြို့နယ်သည် စပါး ၊ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများကို အဓိကထား လုပ်ကိုင်စိုက်ပျိုးကြပြီး မိသားစုစားသုံးရန်နှင့်တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန်အတွက် ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများကိုလည်း စိုက်ပျိုးလာကြပါသည်။၄င်းသီးနှံများထဲမှ တောင်သူ များအနေဖြင့် ဆောင်းသီးနှံဖြစ်သော မုန်လာဥဖြူကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း ၊ စိုက်ပျိုးရာတွင် အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြပြီး မျိုးအနေဖြင့် အထွက်နှုန်းကောင်း မျိုးများဖြစ်သည့် မျှားနီတံဆိပ် နှင့် ဆင်ဆွယ်တံဆိပ်များကိုသာ အဓိကထား အများဆုံးစိုက်ပျိုး ကြကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် (၃၀၀၀၀၀/-)ကျပ်ခန့်သာကုန်ကျပြီး စိုက်ပျိုးပြီး ရက်ပေါင်း(၃၀-၄၀)ရက်အကြာတွင်တူးဖော်နိုင်ပြီး စျေးကွက်သို့တင်ပို့ရောင်းချကြကြောင်း ပွဲစားများမှလည်း ကျေးရွာအထိအခင်းပြတ် လာရောက်ဝယ်ယူကြကြောင်း ၊ တောင်သူများမှလည်း မန္တလေး - ကျောက်ဆည် ကားလမ်းဘေးများတွင်လည်းရောင်းချကြကြောင်း ၊ ရောင်းချရာတွင် မုန်လာဥဖြူပေါ်စအချိန်တွင် အပင်(၅)ပင်ပါ တစ်စည်းလျှင်(၅၀၀/-)ကျပ်စျေးနှုန်းဖြင့် ရောင်းချလျှက်ရှိကြောင်း၊ ယခုလှိုင်လှိုင်ထွက်ပေါ်ချိန်တွင် မုန်လာဥဖြူအပင်(၅)ပင်ပါ တစ်စည်းလျှင်(၃၀၀/-)ကျပ် စျေးနှုန်းဖြင့်ရောင်းချကြပြီး မုန်လာဥဖြူ စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိသည့်အတွက် မိသားစုစားဝတ်နေရေးအဆင်ပြေလျှက်ရှိကြောင်း ၊ အကျိုးအမြတ်အနေဖြင့် ကုန်ကျစရိတ်နှုတ်ပြီး အသားတင်(၃၀၀၀၀၀/-)ကျပ်ဝန်း ကျင်ခန့်ရရှိကြောင်း၊ စဉ့်ကိုင်မြို့နယ်မှ မုန်လာဥဖြူ စိုက်ပျိုးသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)