
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပုသိမ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် (၂၅.၂.၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စားသုံးသူရေးရာကော်မတီ ဥက္ကဌကိုယ်စား ဒုခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်စိုးလှိုင် (ခရိုင်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး) က အမှာစာများအား ရှင်းလင်းပြောကြားခဲ့ပြီး ကော်မတီဝင်များက ဆွေးနွေးခဲ့ကြပါသည်။ ထိုအစည်းအဝေးတွင် ဆုံးဖြတ်ချက်(၅) ချက်ချမှတ်ခဲ့ပြီး ကော်မတီအဖွဲ့ဝင်အားလုံးဆောင်ရွက်ရန် အချက်(၃) ချက်၊ စားသုံးသူရေးရာဦးစီးဌာန/ ရုံးအဖွဲ့ဆောင် ရွက်ရန်အချက်(၂) ချက်၊ စုစုပေါင်း(၅) ချက်ချမှတ်ခဲ့ကြောင်းသိရှိရပါသည်။ထိုအစည်းအဝေးသို့ ခရိုင် စားသုံးသူရေးရာကော်မတီဝင်များဖြစ်ကြသော ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန စသည့် ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံးဝန်ထမ်း(၄) ဦး၊ စုစုပေါင်း (၉) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)
