Main menu

နိုဝင်ဘာလ(စတုတ္ထ)ပတ် ဆိပ်ဖြူကြက်သွန်နီ ဈေးကွက်အခြေအနေ

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ် မြို့ပေါ်ရှိ ကုန်သည်သိုလှောင်ရုံများတွင် နေ့စဉ် ကြက်သွန်နီအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ နိုဝင်ဘာ(စတုတ္ထ)ပတ်အတွင်း ကြက်သွန်နီအမြင့်ဆုံးဈေး(၁)ပိဿာ ထိပ်စ ကျပ်(၃၇၀၀)၊ အလတ်စ ကျပ်(၃၄၅၀)၊ အနိမ့်စ ကျပ်(၃၁၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ပါသည်။ ယခင်(၁)ပတ်နှင့် ယခု(၁)ပတ်ဈေးနှုန်း နှိုင်းယှဉ်လျှင် ယခု(၁)ပတ်တွင် ယခင်(၁)ပတ်ထက် ကြက်သွန်နီ(၁)ပိဿာလျှင် ပျမ်းမျှကျပ်(၅၀)ခန့် ဈေးနှုန်းမြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ မြို့ပေါ်ရှိကုန်စည်ဒိုင်တွင် ကြက်သွန်နီ အရောင်းအဝယ်မှာ ယခု(၁)ပတ်အတွင်း ကြက်သွန်နီလက်ကျန်နည်းပါးခြင်းကြောင့် အရောင်းအဝယ်ပြုလုပ်ခြင်းမရှိကြောင်း၊ ကုန်သည်ပွဲစားပိုင် သိုလှောင်ရုံများတွင် အရောင်းအဝယ်ဖြစ်ကြောင်းနှင့် ယခု(၁)ပတ်အတွင်း မြဝတီမြို့သို့ တင်ပို့မှုမရှိဘဲ ရန်ကုန်တိုင်းဒေသကြီး (ဘုရင့်နောင်)ပွဲရုံသို့ ကုန်ချိန်အများဆုံးတင်ပို့ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

       ဆိပ်ဖြူမြို့ ပတ္တမြားဈေးနှင့် မြို့ပေါ်ရှိကုန်စုံဆိုင်ကြီးများတွင် ကြက်သွန်နီလက်လီရောင်းချသည့်ဈေးနှုန်းမှာ အရွယ်အစားနှင့် အရည်အသွေးကိုလိုက်၍ (၁)ပိဿာလျှင် ကျပ်(၃၀၀၀)မှ ကျပ်(၄၀၀၀) အထိ ‌ဈေးနှုန်းအသီးသီးဖြင့် ရောင်းချနေကြောင်း၊ ဈေးဝယ်သူများထံမှ သိရှိရသည်။ နိုဝင်ဘာ(စတုတ္ထ)ပတ်အတွင်း ဆိပ်ဖြူမြို့မှ ကုန်စည်စီးဆင်းမှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ နေ့စဉ် တင်ပို့မှုမှာ အရောင်းအဝယ်ဖြစ်ပြီး (၁)ပတ်အတွင်း ကုန်ချိန်(၂)သိန်း၊ (၃၀)ပိဿာဝင်ဆံ့အိတ် (၇၀၈၂)၊ တန်ချိန်(၁)သောင်းခန့် ကုန်စည်စီးဆင်းလျက်ရှိကြောင်း ကြက်သွန်နီဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)