
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကလေး အာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ၂၀၂၆ခုနှစ် မတ်လ ၅ နေ့နံနက် (၁၀း၀၀) နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက် ကုန်စုံဆိုင်ကြီးများနှင့် ဆေးဆိုင်ကြီးများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းအားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မအူပင်မြို့ပေါ်ရှိ ဖြည့်စွက်အစားအစာ ရောင်းချသောဆိုင်များအားကွင်းဆင်းစစ်ဆေး ခရိုင်FDA ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်း၍ အဖွဲ့ဖြင့် ဈေးကွက်ပါစောင့်ကြည့်စစ်ဆေးပြီး စင်ကာပူ အစားအသောက်အေးဂျင်စီမှ Nestil Singapore Pteက တင်သွင်းသည့် ကလေးများအတွက်ထုတ်လုပ်သော GerBer Arrowroot Biscuits နှင့် Cereulide အဆိပ် အတောက်ပါဝင်မှုကြောင့် ကြိုတင်ကာကွယ်မှု တစ်ခုအနေဖြင့် စုံစမ်းစစ်ဆေး ဆောင်ရွက်စဉ်ကာလအတွင်း ဈေးကွက်အတွင်းဖြန့်ချီရောင်းချမှု မရှိစေရန် စစ်ဆေးဆောင်ရွက်ခြင်း၊ ကလေးများအား ပလပ်စတစ် အပျော့နှင့် စက္ကုအပိုင်းအစ ပါဝင်မှုကြောင့် Dumex နှင့် Nestle ၂မျိုးအား ကလေးငယ်များကိုမကျွေးရန် ပြည်တွင်းဈေးကွက်တွင်လည်း ဈေးကွက်စုံစမ်းစစ်ဆေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း စတိုးဆိုင်လုပ်ငန်းရှင်များကို အသိပေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရန် စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
