မက်ခါသီးသည် ကယားလူမျိုးများ၏ မရှိမဖြစ်အသုံးပြုသည့် ဟင်းခတ်အမွှေးအကြိုင် တစ်မျိုးဖြစ်ပါသည်။ မက်ခါသီးကို ကယားပြည်နယ်တွင် လွိုင်ကော်မြို့နယ် ၊ဒီးမောဆိုမြို့နယ် ၊ ဒေါငံခါးကျေးရွာ၊ ဒေါညေးခူကျေးရွာ၊ ဖရူဆိုမြို့နယ်အတွင်းရှိကျေးရွာများ၊ ဘောလခဲမြို့နယ် အတွင်းရှိ လွိုင်ဝိန်ကျေးရွာနှင့် ကယားပြည်နယ်၏ ကယားလူမျိုးအများဆုံးနေထိုင်ရာ ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။ မက်ခါသီးသည် မိုးရာသီတွင် အသီးသီး၍ အောက်တိုဘာတွင် ရင့်မှည့်ကြပါသည်။ ဈေးကွက်အတွင်း မက်ခါသီးအစို၊ အခြောက်၊ အမှုန့်များ ဈေးကောင်းရနေပြီး ယခု ဒီဇင်ဘာလအတွင်း မက်ခါသီးခြောက်နို့ဆီဘူး တစ်ဘူးလျှင်( ၃၂၀၀ )ကျပ်၊ ၇၀( ဂရမ်ပါ )မက်ခါ သီးအမှုန့် တစ်ဘူးလျှင်( ၁၅၀၀ )ကျပ် ယခင်နိုဝင်ဘာလတွင် မက်ခါသီးခြောက်နိုဆီဘူး တစ်ဘူးလျှင် ( ၂၅၀၀ )ကျပ်၊ ၇၀( ဂရမ်ပါ )မက်ခါသီး အမှုန့်တစ်ဘူးလျှင် (၁၀၀၀)ကျပ်သာရှိခဲ့ပြီး ယခင်လထက်ပို၍ ဈေးကောင်းပိုရလာပါကြောင်း ကယားပြည်နယ်တွင် မက်ခါသီးစိုက်ပျိုးသူများအနေဖြင့် မက်ခါသီးကို ဒေသထွက်ကုန်အဖြစ် စီးပွားဖြစ်ထုတ်လုပ်ရောင်းချနိုင်ရန် ပိုမိုတိုးချဲစိုက်ပျိုးနေပြီးဖြစ်ကြောင်း နောင်ယားဈေး အတွင်းရှိ ရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(ကယား)