Main menu

နိုဝင်ဘာလ(စတုတ္ထ)ပတ် ပခုက္ကူမြေပဲဈေးကွက်အခြေအနေ

Powered by Drupal

          ဆီထွက်သီးနှံမြေပဲ(အတောင့်/အဆံ)များ ပခုက္ကူဈေးကွက်သို့ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြေပဲတောင့်များကို ပခုက္ကူမြို့နှင့် နီးစပ်ရာကျေးရွာများနှင့် ညောင်ဦးမြို့နယ် ဒေသကျေးရွာများမှ ဝင်ရောက်ပြီး မြေပဲဆံများကို ပခုက္ကူဒေသအပြင် ကျောက်ပန်းတောင်း၊ မုံရွာ၊ ပြည်၊ မြန်အောင်မြို့များမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြေပဲအဝင်နည်းပါးသွားသော်လည်း ကုန်ပစ္စည်းဝင်သလောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးငြိမ်နေခြင်းမှ ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

     နိုဝင်ဘာ(စတုတ္ထ)ပတ်အတွင်း နေ့စဉ် ပခုက္ကူဈေးကွက်သို့ မြေပဲတောင့်(အခြောက်) (၂/၃)တင်းဝင်အိတ် (၂၀၀)ခန့် (၁)ပတ်အတွင်း အိတ်(၁၅၀၀)ခန့်ဝင်ရောက်ပြီး မြေပဲဆံအဝင်မှာလည်း (၁)ရက်လျှင် (၂၅)ပိဿာဝင်ဆံ့အိတ်(၃၀၀)၊ (၁)ပတ်အတွင်း အိတ်(၂၀၀၀)ခန့်ဝင်ရောက်၍ အ‌ရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြေပဲတောင့်(အခြောက်)(၁)ပိဿာလျှင် ကျပ်(၁၅၀၀ ကျပ်မှ ၃၀၀၀)အထိ အရောင်းအဝယ်ဖြစ်ပြီး မြေပဲဆံ(လုံးဆံ)အကြီးအသေးလိုက်၍ (၁)ပိဿာလျှင် လက်ကားဈေး ကျပ် (၅၀၀၀ မှ ၄၅၀၀) ၊ လက်လီဈေး ကျပ်(၆၀၀၀ မှ ၅၅၀၀)အထိ အရောင်းအဝယ်ဖြစ်ကြောင်း၊ မြေပဲ(စက်)ဆီ(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀/၉၅၀၀/၉၀၀၀)ရှိကြောင်း ယခင်တစ်ပတ်ထက် ဈေးအနည်းငယ်ကျဆင်းသွားပြီး ‌ဈေးကွက်အတွင်းသို့ မြေပဲတောင့်/မြေပဲဆံဝင်ရောက်မှုမှာ ယခင်တစ်ပတ်ထက် သိသိသာသာလျော့နည်းသွားကြောင်း ပခုက္ကူ မြေပဲဈေးကွက်မှ သိရှိရပါသည်။

        ကုန်စည်စီးဆင်းမှုအနေဖြင့် နိုဝင်ဘာ(စတုတ္ထ)ပတ်တွင် မြေပဲတောင့်များကို မြို့ပေါ်ရှိ မြေပဲရောင်းဝယ်ရေးပဲခွဲစက်လုပ်ငန်းရှင်များနှင့် မြေပဲဆုံဆီ၊ စက်ဆီလုပ်ငန်းရှင်များမှ ဝယ်ယူလျက်ရှိပြီး ရန်ကုန်မြို့သို့ အများဆုံးတင်ပို့လျက်ရှိကြောင်း၊  မြေပဲဆံ(လုံးဆံ/ဆီဆံ)များကို ဆီစက်လုပ်ငန်းရှင်များ၊ မြေပဲဆားလှော်၊ မြေပဲကြက်ဥလုပ်ငန်းရှင်များမှ ဝယ်ယူပြီး ပြည်တွင်းရှိ နေရာဒေသအနှံ့အပြား အမြို့မြို့အနယ်နယ်သို့လည်း တင်ပို့ဖြန့်ဖြူးလျက်ရှိပြီး ပြည်တွင်းသာမက ပြည်ပပို့ကုန်အဖြစ် မန္တလေးမြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ မြေပဲများဈေးကွက်အတွင်းသို့ အဝင်များပြီး အဝယ်လိုက်သော်လည်း ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)