ကယားပြည်နယ်တွင် ဆန်စပါး၊ ပြောင်းကို အဓိကစိုက်ပျိုးပြီး အခြားသီးနှံများကိုလည်း သီးထပ်၊ သီးညှပ်အဖြစ် စိုက်ပျိုးကြ၍ စိုက်ပျိုးရေးအတွက် လိုအပ်သောသွင်းအားစုများကို အခြားဒေသများမှ တင်သွင်းလျက်ရှိရာ ယခု ဒီဇင်ဘာလတွင် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာ ဈေးနှုန်းမှာ ယူရီးယား(အာမို) တစ်အိတ်လျှင် (၁၁၅၀၀၀)ကျပ်၊ ယူရီးယား(ဩဘာ) တစ်အိတ်လျှင် (၁၁၅၀၀၀)ကျပ်၊ တီစူပါ(သံကွင်း) တစ်အိတ်လျှင် (၁၅၀၀၀၀) ကျပ်၊ ပုလဲရွှေတောင် တစ်အိတ်လျှင် (၁၁၅၀၀၀) ကျပ်၊ ပိုတက်တစ်အိတ်လျှင် (၁၄၀၀၀၀)ကျပ်၊ ကွန်ပေါင်း(အာမို) တစ်အိတ်လျှင် (၁၁၀ ၀၀၀)ကျပ်၊ ကွန်ပေါင်း(ဩဘာ) တစ်အိတ်လျှင်(၁၅၀၀၀၀)ကျပ်၊ ကွန်ပေါင်း ၁၅:၁၅:၁၅ (ကောမတ်) တစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊ အာမို ၁၆:၁၆:၁၆ တစ်အိတ်လျှင် (၁၆၀၀၀၀) ကျပ်ဖြစ်ပြီး ယခင်နိုဝင်ဘာလနှင့် ယခုဒီဇင်ဘာလနှိုင်းယှဉ်လျှင် ဓာတ်မြေဩဇာဈေးနှုန်းမှာ တည်ငြိမ်လျှက်ရှိပြီး ပိုးသတ်ဆေးဈေးနှုန်းများမှာ ယခုဒီဇင်ဘာလအတွင်း အာမို(star)250CC(၁၀၀၀၀) ကျပ်၊ အာမို (star) 500CC (၁၇၀၀၀) ကျပ် ၊ ဆိုင်ဘာမတ် 500CC (၁၅၀၀၀)ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင်နိုဝင်ဘာလတွင် ပိုးသတ်ဆေးဈေးနှုန်းမှာ အာမို (star)250CC (၈၀၀၀) ကျပ်၊ အာမို(star) 500CC (၁၃၀၀၀) ကျပ် ၊ ဆိုင်ဘာမတ် 500CC (၁၄၀၀၀)ကျပ်ဖြစ်ပြီး ယခင်နိုဝင်ဘာလ နှင့် ယခုဒီဇင်ဘာလနှိုင်းယှဉ်လျှင် အာမို (star)250CC (၂၀၀၀) ကျပ်၊ အာမို(star) 500CC (၄၀၀၀) ကျပ်၊ ဆိုင်ဘာမတ် 500CC (၁၀၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်မှ သိရပါသည်။
DOCA(ကယား)