
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများသည် စံပြဈေးစည်ပင်နှင့်ပူးပေါင်း၍ (၁၀-၃-၂၀၂၆)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် သင်္ဃန်ကျွန်းမြို့နယ်၊ စံပြဈေးအတွင်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စစ်ဆေးရေးမှူးက စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသောလျှပ်စစ်ပစ္စည်းမျာတွင် ကုန်စည်အမျိုးအစားကိုလိုက်၍ အမျိုးအမည်၊ အရွယ်အစား၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ သတိပေးချက်နှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ဖော်ပြထားမှုရှိ/ မရှိတို့ ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)နှင့် အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော လျှပ်စစ်ပစ္စည်းများကိုသာ ဈေးကွက်အတွင်းရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိရှိနိုင်ရန် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
