
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကလေးတစ်ကိုယ်ရည်သုံး ကုန်ပစ္စည်းများ၊ အဟာရမှုန့်အမျိုးမျိုးအား အရည်အသွေးပြည့်ဝမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀၂၆ခုနှစ်မတ်လ ၁၆ ရက်နေ့ နံနက် (၁၀း၃၀) နာရီခွဲအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးရာတွင် ကုန်မျိုးစုံရောင်းချသော ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ကလေးတစ်ကိုယ်ရည်သုံး ကုန်ပစ္စည်းများတွင် ကျန်းမာရေထောက်ခံချက်ပါရှိမှု ရှိ/ မရှိ၊ အရည်အသွေး ပြည့်ဝမှုရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အစားဖော်ပြချက် ကိုက်ညီမှုရှိ/မရှိ အရည်အသွေး စံသတ်မှတ်ချက်များ ပြည်မှီမှု ရှိ/မရှိကို ကို ကွင်းဆင်းစစ်ဆေး၍ ရောင်းချသောလုပ်ငန်းရှင်များကို လိုအပ်ချက်များအား လမ်းညွှန်မှာကြားခြင်း၊ ကလေးအဟာရ ဖြည့်စွပ်စာနှင့် စပ်လျဉ်း၍ တရားမဝင်ကုန်စည်များကို ရောင်းချခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ပြီး သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ပါဝင်သော တရားဝင်ကုန်စည်များကို ဈေးကွက်အတွင်း ဦးစားပေးရောင်းချရန် စားသုံးသူရေးရာဦးစီးဌာန Website ဖြစ်သော www.doca.gov.mm တွင် ကလေးအသုံးအဆောင်ကစားစရာအရုပ်များနှင့် စပ်လျဉ်း၍ ကုန်စည်သတိပေးချက်များ၊ ပြန်လည်သိမ်းဆည်သည့် တားမြစ်ကုန်စည်များအကြောင်းကို ဖော်ပြထားပြီး ဝင်ရောက်လေ့လာကြည်ရှုနိုင်ကြောင်းကို ဆိုင်ရှင်များသိရှိနိုင်ရန် အသိပညာပေး လမ်းညွှန်မှာကြား အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
