ပြည်ပဲဈေးကွက်အတွင်း ဆောင်းပဲတီစိမ်းသစ်များ အထွက်လှိုင်ချိန်ဖြစ်နေသည့်အတွက် ပဲအဝင် တစ်ရက်လျှင် အိတ် ၇၀၀/၈၀၀ကျော် ဝင်ရောက်ခဲ့သလို ဝယ်လက်များကလည်း အဝယ်လိုက် နေသော ကြောင့် ပဲအဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည် ။ ပြည်အနီး တဝိုက် ဒေသများဒေသများနှင့် မင်းတုန်း၊ ကံမမြို့နယ်များမှ နေ့စဉ်ဝင်ရောက်ခြင်းဖြစ်၍ ဝယ်လက်မှာ မန္တလေးလိုင်းသမား အဓိကထားဝယ်ယူခဲ့သလို ရန်ကုန်ဝယ်လက်သမားများလည်း ဝယ်ယူခဲ့ကြပါသည်။ ပဲဈေးမှာတစ်တင်းလျှင် ၄၆၀၀၀ကျပ်မှ ၄၈၀၀၀ကျပ်ထိ ပဲအရည်အသွေး လိုက်၍ ဈေးကွာခြားမှုရှိခဲ့ကြပါသည်။ ယခင်နှစ်က နိုဝင်ဘာလအတွင်း ပဲတီစိမ်း သီးနှံဈေးနှုန်းမှာ တစ်တင်းလျှင် ၄၃၀၀၀ကျပ် ရရှိခဲ့၍ ယခုနှစ်ဈေးမှာ ယခင်နှစ်ထက် သိသိသာသာဈေး ပိုလာခြင်း မဟုတ်ဘဲ တစ်တင်းလျှင်ကျပ် ၅ထောင်ခန့်သာ ပိုခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)