ပဲခူးတိုင်းဒေသကြီး၊ပြည်ပဲဈေးကွက်တွင် နိုဝင်ဘာလအတွင်း မတ်ပဲဈေးနှုန်းများကျဆင်းလာသောကြောင့် ယခု တစ်ပတ်မှာလည်း မတ်ပဲသီးနှံသည် တစ်တင်းလျှင် ၅၅၀၀၀ကျပ်မှ ၅၆၀၀၀ကျပ်ဖြင့်သာ မျိုးပဲအချို့ ဝယ်ယူမှုရှိခဲ့သလို ရန်ကုန်ဝယ်လက်အဝယ်ရှိခဲ့ကြပါသည်။ ပဲလက်ကျန်ရှိနေသည့်အတွက် ဝယ်လို အားရှိသလောက် ရောင်းချမှုရှိပြီး တစ်ရက်လျှင်အိတ် ၂၀၀/၃၀၀ကျော် အရောင်းအဝယ် ဖြစ်ခဲ့ကြပါသည်။ မျိုးပဲဈေးနှုန်းမှာ တစ်တင်းလျှင် ၅၇၀၀၀ကျပ်ဖြင့် ရောင်းချခဲ့ကြရကြောင်း သိရှိရပါသည်။ ယခင်နှစ်က မျိုးပဲရာသီမတ်ပဲသီးနှံဈေးမှာ တစ်တင်းလျှင် ၄၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်ခဲ့သည့်အတွက် ယခုနှစ် ပဲဈေးနှုန်းများ ယခင်လများနှင့်ယှဉ်လျှင်ဈေးလျော့သွားသည်ဆိုသော်လည်း ယခင်နှစ်ဈေး ထက် ဈေးပိုနေလျက်ရှိခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)