Main menu

ပြည်ဈေးကွက်တွင် ခရမ်းဖြူသီးအရောင်းသွက်

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ဈေးကွက်တွင် ခရမ်းဖြူသီး(ခ) ခရမ်းသီးမီးအုန်းသီးများဈေးကောင်းရရှိကာ အရောင်းအဝယ်သွက်လျှက်ရှိပါသည်။ စားသုံးသူများအနေဖြင့် ခရမ်းဖြူသီးကို မီးဖုတ်၍စားသုံးကြသလို နှပ်၍လည်းစားသုံးကြပါသည်။ တချို့ဈေးကွက်များတွင် ခရမ်းဖြူသီးကို မီးဖုတ်၍ရောင်းချပြီး တစ်လုံးလျှင် ၅၀၀-၆၀၀ကျပ်ဖြင့် ရောင်းချကြောင်းသိရှိရပါသည်။ ခရမ်းဖြူသီးများကို ပြည်မြို့နယ်အတွင်းရှိ ခွေးရဲနှင့် မှော်ဇာကျေးရွာတို့တွင် စိုက်ပျိုးကြသလို ပုတီးကုန်းနှင့် သဲကုန်းဘက်မှလည်း တင်ပို့ ရောင်းချကြောင်း သိရှိရပါသည်။ ဈေးနှုန်းများအနေဖြင့် ခရမ်းဖြူသီး အလုံးကြီးတစ်လုံးကို ၅၀၀ကျပ်၊ အသေးတစ်လုံးကို ၃၅၀ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)