Main menu

ပြည်မြို့၏ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊နိုဝင်ဘာလနောက်ဆုံးပတ်တွင် အခြေခံစားသောက်ကုန်များဖြစ်သော ကြက်သွန်နီဈေးမှာ ယခင်တစ်ပတ်က ၄၄၀၀ကျပ်၊ ယခုတစ်ပတ်မှာ ၄၆၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်)နှင့် ရှမ်းစမှာ တစ်ပိဿာလျှင် ၃၈၀၀-၄၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေပါသည်။ ချင်းတစ်ပိဿာလျှင် ၂၀၀၀ကျပ်၊ ကုလားပဲတစ်ပိဿာလျှင် ၅၀၀၀ကျပ်၊ ငရုတ်ခြောက်အရှည်အသေးတစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ အာလူးတစ်ပိဿာလျှင် ၂၈၀၀ကျပ်၊ မန်ကျည်းမှည့်တစ်ပိဿာလျှင် ၃၅၀၀-၄၀၀၀ ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ သားငါးဈေးမှာ ကြက်သားတစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၁၀၀၀၀-၁၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင် ၅၈၀၀ကျပ်၊ ပဲဆီတစ်ပိဿာလျှင် ၁၁၅၀၀ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ပြည်ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)