Main menu

အရောင်းသွက်လျက် အုန်းစိမ်းဈေးကွက်

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ဈေးကွက်တွင် နေရာတစ်နေရာရှိ၍ ပုံမှန် အရောင်းအဝယ်သွက်ကာရောင်းချနေသည့် သီးနှံတစ်မျိုးမှာ အုန်းသီးစိမ်းဖြစ်ပါသည်။ အုန်းစိမ်းရည်မှာ နာလန်ထစ လူမမာများ သောက်သုံး ရန်အထူးသင့်တော်သော အားဆေးရည်ပင်ဖြစ်ပါသည်။ COVID-19 First Wave မှစ၍ ရောင်းအား စတင်ကောင်းလာပြီး ယခုအချိန်ထိ ရောင်းအားကျဆင်းခြင်းမရှိပဲ အရောင်းသွက်လျက်ရှိကာ တစ်နေ့လျှင် ရောင်းအားကောင်းလျှင် အလုံး ၁၄၀၀-၁၆၀၀ခန့် ရောင်းအားရှိပြီး၊ ပုံမှန်မှာ တစ်နေ့လျှင် အလုံး ၈၀၀-၁၀၀၀ခန့် ရောင်းအားရှိကြောင်း သိရှိရပါသည်။ အုန်းသီးစိမ်းများကို ပြည်မြို့ အနီးတဝိုက်ရှိကျေးရွာများ၊ ဥယျာဉ်ခြံများ၊ မြို့တွင်းရှိ ခြံများမှ ဝယ်ယူ၍ရောင်းချပါသည်။ ဈေးနှုန်းအနေဖြင့် အုန်းသီးဇွန်းခြစ်အုန်းသီးတစ်လုံးလျှင် ရောင်းဈေးမှာ ၁၀၀၀-၁၂၀၀ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)