
ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ (စစ်ဆေးရေးအရာရှိ) ဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ မတ်လ(၂၀) ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနရုံး၌ လုပ်ငန်းရှင် (၉) ဦးအား Online Sales ကိစ္စရပ်များ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးက ယခုခေတ်သည် Social Media Internet ကို အသုံးပြု၍ မိမိတို့ရောင်းချလိုသော ပစ္စည်းများကို online မှ အလွယ်တကူရောင်းချနိုင်နေပြီဖြစ်၍ လုပ်ငန်းများကို စနစ်တကျ အခိုင်အမာဖြင့် online စနစ်ရောင်းချခြင်းများကို မှတ်ပုံတင်ထားပါက စားသုံးသူနှင့်စီးပွားလုပ်ငန်းရှင်များအကြား အငြင်းပွားမှုဆိုင်ရာကိစ္စရပ်များ ပေါ်ပေါက်လာပါက ပြန်လည်ခုခံကာကွယ်နိုင်ခြင်း၊ မှတ်ပုံတင်ထားပါက တရားဝင်လုပ်ကိုင်နိုင်သည့်အပြင် အပြိုင်အဆိုင်စီးပွားရေးလုပ်ငန်းများနှင့် နှိုင်းယှဉ်ပါက စားသုံးသူများ၏ ယုံကြည်မှုပိုမိုရရှိနိုင်သည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရရှိပါသည်။
DOCA(ဧရာဝတီ)
