Main menu

ပြည်မြို့၏ထောပတ်သီး ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ မြို့မဈေးကြီးအတွင်းတွင် ထောပတ်သီးများ ဈေးကွက်အတွင်း ရောင်းချနေကြောင်း သိရှိရပါသည်။ ထောပတ်သီးတွင် အညိုရောင်ရှိသောအသီးနှင့် အစိမ်းရောင်ရှိသော အသီးဟူ၍ (၂)မျိုးရှိပါသည်။

      ဈေးကွက်အနေဖြင့် တင်ပို့ရာဒေသများမှာ ပြင်ဦးလွင်မြို့၊ မိုးကုတ်မြို့၊ တောင်ကြီး၊ နောင်ချိုမြို့များမှ ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးအတွင်း လက်ကားတင်ပို့ရောင်းချသည်ဟု သိရှိရပြီး ရန်ကုန်မြို့ သီရိမင်္ဂလာဈေးကွက်မှတစ်ဆင့် ပြည်မြို့သို့ ပြန်လည် တင်ပို့ရောင်းချကြောင်း သိရှိိရပါသည်။ ဈေးနှုန်းအနေဖြင့် ထောပတ်သီး အလုံးကြီး(၁)လုံးလျှင် ၂၀၀၀ကျပ်၊ အလုံးသေး(၁)လုံးလျှင် ၁၅၀၀ ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)