Main menu

ပြည်နှမ်း ဈေးအနည်းငယ်ကျဆင်းလာ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ဈေးကွက်သို့ ယခုအပတ်တွင် ဆောင်းနှမ်းများ စတင်ဝင်ရောက်နေကြောင်း တွေ့ရှိရပါသည်။ ဝင်ရောက်လာသောဒေသများမှာ ပေါက်ခေါင်း၊ နတ်တလင်းနှင့် ကံမဘက်မှ နေ့စဉ် တစ်နေ့လျှင် အိတ် ၂၀၀/၃၀၀ခန့်ဝင်ရောက်လျက်ရှိပြီး မန္တလေးဝယ်လက်များက ဝယ်ယူမှုရှိသဖြင့် ဝင်သလောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဆောင်းနှမ်းအသစ်များဝင်ရောက်မှုရှိပြီး အဝယ်လိုက်နေသော်လည်း နှမ်းနီနှင့် နှမ်းနက်ဈေးမှာ ယခင်အပတ်ကထက်ကျဆင်းလာပြီး စမုံနက် နှမ်းမှာ ယခင် အပတ်ကအတိုင်း ဈေးငြိမ်နေကြောင်း သိရှိရပါသည်။ ယခု နိုဝင်ဘာလကုန်အပတ် နှမ်းနီဈေးများမှာ (၃)တင်းတစ်အိတ်လျှင် ၂၁၀၀၀၀ကျပ်ဖြင့် မြို့တွင်းဆီသမားများကအဝယ်ရှိပြီး၊ ယခင်အပတ်တွင် နှမ်းနီ(၃)တင်းတစ်အိတ်လျှင် ၂၂၀၀၀၀ကျပ်ဖြစ်ခဲ့၍ ယခင်အပတ်ထက်စာလျင် (၁၀၀၀၀)ကျပ်ခန့် ဈေးလျော့နည်းလာခဲ့ကြောင်း သိရှိရပါသည်။  ထို့အတူ နှမ်းနက်ဈေးမှာလည်း ယခုအပတ်တွင်(၃)တင်း တစ်အိတ်လျှင် ၂၃၀၀၀၀ကျပ်ဈေးဖြင့် မန္တလေးဝယ်လက်များက ဝယ်ယူမှုရှိ၍ အရောင်းအဝယ်ဖြစ်ပြီး ယခင်အပတ်တွင် (၃)တင်းတစ်အိတ်လျှင် ၂၅၀၀၀၀ကျပ်ဖြင့် ယခင် အပတ်ထက်စာလျှင် တစ်အိတ်လျှင် ၂၀၀၀၀ကျပ်ခန့် ဈေးကျလာကြောင်း တွေ့ရှိရပါသည်။ စမုံနက် နှမ်းဈေးမှာ (၃)တင်းတစ်အိတ်လျှင် ၂၇၀၀၀၀ကျပ်ဈေးဖြင့် ယခင်အပတ်ကအတိုင်း ဈေးငြိမ်နေကြောင်း တွေ့ရှိရပါသည်။

DOCA(ပဲခူး)