Main menu

ဈေးကွက်အတွင်း ဆန်/စပါး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      (၁၉-၃-၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ရန်ကင်းမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူတို့ပူးပေါင်းပြီး ရန်ကင်းမြို့နယ်ရှိ ဆန်လက်လီ/ လက်ကားရောင်းဝယ်ရေးအရောင်းဆိုင်များသို့ ဆန်/ စပါးဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

           ထိုသို့ကွင်းဆင်းရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး) က  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်MRFမှ လအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို ကြော်ငြာချက်ပါ ဆန်ဈေးနှုန်း များအလိုက်ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန်ရောင်းချခြင်းမဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန်စည်များပြတ်လပ်မှုရှိ/မရှိတို့ကိုစစ်ဆေးခြင်း၊ ဈေးကွက်အတွင်းရှိ စားသုံးဆန်များအား ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ရောင်းချပေး နိုင်ရေးဆွေးနွေးခြင်း၊ ဈေးကွက်အတွင်းရောင်းချနေသော ဆန်ဈေးနှုန်းများမှာ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချလျက်ရှိပြီး ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် ဈေးကစားရန်အလို့ငှာ ဆန်များကိုသိုလှောင်ထားခြင်းမပြုရန်ပြောကြားခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချသည် ကိုစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)