Main menu

တောင်ငူမြို့မှ ဖရဲသီးဈေးကွက်

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ ညောင်ပင်ဈေးတွင် ဖရဲသီးများ အများအပြားဝင်ရောက်လျှက် ရှိပါသည်။ ဖရဲသီးတွင် ဒေသအခေါ် ဒုံးကျည်သီးနှင့် ဗမာသီးဟူ၍ နှစ်မျိုးနှစ်စား ရှိပါသည်။ ဒုံးကျည်သီး၏ အားသာချက်မှာ အလုံးသေး၍ ဈေးကောင်းပေးဝယ်ရပြီး အရသာမှာ ပို၍ ချိုမြပါသည်။ ဗမာ ဖရဲသီး၏ အားသာချက်မှာမူ အလုံးအရွယ်အစား အင်မတန်ကြီးသော်လည်း တန်ဖိုးနည်းပါသည်။

         ဗမာသီး၏ အချိုမှာ ဒုံးကျည်သီးအား မမှီသော်လည်း အလုံးကြီး ကြိုက်နှစ်သက်သူများမှာ ဝယ်ယူစားသုံးကြပါသည်။ ဖရဲသီး ဗမာသီးများကို မုံရွာဘက်မှ တင်ပို့ပေးသည်ဟု သိရှိရပြီး ဖရဲခင်း စတင်စိုက်ပျိုးချိန်မှစ၍ အသီးကင်းလေးများပေါ်သောအချိန်ရောက်သောအခါကတည်းက ဧကလိုက် အပြတ်ငွေကြိုပေးကာ ဝယ်ယူထားကြောင်း သိရှိရပါသည်။

       တောင်ငူမြို့ ညောင်ပင်ဈေးရှိ ဖရဲသီးဈေးနှုန်းများအနေဖြင့် ဒုံးကျည်သီး တစ်လုံးလျှင် ၁၀၀၀ တန်မှစ၍ ၂၅၀၀ ကျပ်ထိရောင်းရပြီး၊ ဗမာ ဖရဲသီး တစ်လုံးလျှင် ၂၅၀၀ မှ စ၍ ၃၀၀၀ ကျပ်ထိ ရောင်းရကြောင်း တောင်ငူမြို့ ညောင်ပင်ဈေးတွင် ဖရဲသီး ရောင်းချသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)