
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် 2026 ခုနှစ်၊ မတ်လ (၂၃)ရက်နေ့ နံနက် (10:30)နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ်တာဝန်ခံရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါဆွေးနွေးမှုတွင် ကျောင်းကုန်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူပြည်သူများ သက်သာစေရေးအတွက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးရန်၊ ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် ဆန်ဈေးနှုန်းများကို မြှင့်တင်ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန်၊ MyRo မှတ်ပုံတင်ရန်ကျန်ရှိသည့် ဆန်စက်များအား မှတ်ပုံတင်ရန်၊ MyRo မှတ်ပုံတင်ရန် လိုအပ်ချက်များကိုပြောကြား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)
