Main menu

တောင်ငူမြို့တွင် ရာသက်ပန်အမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီများ သက်သာသောနှုန်းထားဖြင့် ရောင်းချပေး

Powered by Drupal

        Diamond Dragon Co.,Ltd ၏ တောင်ငူမြို့ ကိုယ်စားလှယ်ဖြစ်သော အောင်စားသုံးဆီ အရောင်းဆိုင်သည် တောင်ငူခရိုင်အတွင်းမှ အခြေခံလူတန်းစားများအပြင် ဌာနဆိုင်ရာဝန်ထမ်းများပါ စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် Yerthetpan အမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီ(အလေးချိန် ၅၀ ကျပ်သားဘူး)များကို ရောင်းချပေးလျက် ရှိပါသည်။

         ဒီဇင်ဘာလ ၁ ရက်နေ့တွင် တောင်ငူမြို့ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းများမှ ဆရာ/ ဆရာမများနှင့် အမှတ် ၂၂ ရပ်ကွက်၊ မင်းကြီးညိုရှိ အခြေခံလူတန်းစားများအား Yerthetpan အမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီများအား တစ်ပိဿာလျှင် ၅၄၀၀ ကျပ် နှုန်းဖြင့် မော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိရာ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူက ကြီးကြပ်ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

        Diamond Dragon Co.,Ltd သည် ဇူလိုင်လမှစ၍ တောင်ငူခရိုင်အတွင်း Yerthetpan အမှတ်တံဆိပ် အဆင့်မြင့်စားအုန်းဆီ(အလေးချိန် ၅၀ ကျပ်သားဘူး)များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ဒီဇင်ဘာလ ၁ ရက်နေ့အထိ အဆင့်မြင့်စားအုန်းဆီ ၅၀၅၁၂ ပိဿာ (၈၂.၅၀ တန်) ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)