Main menu

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

        ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် နိုဝင်ဘာလ ( ၃၀ )ရက်နေ့မှ ဒီဇင်ဘာလ ( ၆ )ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ရေတာရှည်မှ ဖရဲသီး (855) အလုံးကြီး ကျပ် ၅၀၀၀၊ အလုံးလတ် ကျပ် ၄၀၀၀၊ အလုံးသေး ကျပ် ၃၀၀၀ မှ ၂၅၀၀၊ တောင်ငူ၊ ဘီးလင်းမှ ဖရဲသီး (211) အလုံးကြီး ကျပ် ၃၅၀၀၊ အလုံးလတ် ကျပ် ၂၅၀၀၊ အလုံးသေး ကျပ် ၂၀၀၀ မှ ၁၅၀၀၊ သီပေါမှ နာနတ်သီး အလုံးကြီး ကျပ် ၁၅၀၀ မှ ၁၃၀၀၊  အလုံးလတ် ကျပ် ၁၀၀၀  မှ ၈၀၀၊ အလုံးသေး  ကျပ် ၅၀၀၊ မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး အလုံးကြီး ကျပ် ၅၀၀၊ အလုံးလတ် ကျပ် ၄၀၀၊ အလုံးသေး ကျပ် ၃၀၀၊ တိုက်ကြီးမှ  ပီလောပီနံတစ်ပိဿာ အလုံးကြီး ကျပ် ၁၀၀၀၊ အလုံးလတ် ကျပ် ၈၀၀၊ အောင်ပန်းမှ လိမ္မော်သီးတစ်ပိဿာ အလုံးကြီး ကျပ် ၂၅၀၀၊ အလုံးလတ် ကျပ် ၁၉၀၀၊ အလုံးသေး ကျပ် ၁၃၀၀ ၊ မော်လမြိုင်မှ ကျွဲကောသီး (ပန်းရောင်) အလုံးကြီး ကျပ် ၂၈၀၀ မှ ၂၅၀၀၊ အလုံးလတ် ကျပ် ၂၀၀၀ မှ ၁၅၀၀၊ အလုံးသေး ကျပ် ၁၂၀၀ မှ ၁၀၀၀၊ ၈၀၀ မှ ၅၀၀၊ ရေနံချောင်းမှ ဆီးသီး( အချဉ်သီး ) အလုံးကြီးတစ်ခြင်း ၈ ပြည်ပါ ကျပ် ၁၂၀၀၀၊ ဆင်ဖြူကျွန်းမှ ဆီးသီး (အစေ့လွတ်) အလုံးကြီးတစ်ခြင်း ( ၈ ပြည်ပါ ) ကျပ် ၁၄၀၀၀၊ ပုပ္ပါးမှ ဩဇာသီး အလုံးကြီး တစ်ဖာ ( ၃၀ လုံးပါ ) ကျပ် ၁၂၀၀၀၊ အလုံးလတ်တစ်ဖာ( ၆၀ လုံးပါ ) ကျပ် ၉၀၀၀ ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ( MFVP )မှ သိရှိရပါသည်။

DOCA(ရန်ကုန်)