လွိုင်ကော်မြို့ဈေးကွက်အတွင်းတွင် အခြေခံစားကုန်များ အခြားဒေသမှ အများအပြားဝင်ရောက်လျက်ရှိပြီး အခြေခံစားကုန်တစ်မျိုးဖြစ်သည့် ကြက်ဥကို တောင်ကြီးဘက်မှ အများဆုံးဝင်ရောက်လျက်ရှိရာ ယခင်နိုဝင်ဘာလတွင် တောင်ကြီးမှ ကြက်ဥ ( ၃၅၀ )ဖာ ဝင်ရောက်ကြောင်း မြို့ဦး ဂိတ်စာရင်းအရ သိရပါသည်။ ယခုလက်ရှိ ဒီဇင်ဘာလ ဒုတိယပတ်တွင် ဈေးကွက်အတွင်း ဖြစ်ပေါ် နေသော ကြက်ဥဈေးနှုန်းမှာ အလုံးကြီးတစ်လုံးလျှင် ( ၂၃၀ ) ကျပ်၊ အလုံးသေးတစ်လုံးလျှင် ( ၂၁၀ ) ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိပြီး ယခင်နိုဝင်ဘာလ ဒုတိယပတ်တွင် ကြက်ဥဈေးနှုန်းမှာ အလုံးကြီးတစ်လုံးလျှင် ( ၂၅၀ ) ကျပ်၊ အလုံးသေးတစ်လုံးလျင် ( ၂၂၀ )ကျပ်ခန့်ရှိခဲ့ပြီး ယခင်နိုဝင်ဘာလ ဒုတိယပတ်နှင့် ယခုဒီဇင်ဘာလ ဒုတိယပတ် နှိုင်းယှဉ်လျှင် အလုံးကြီးတစ်လုံးလျှင် ( ၂၀ ) ကျပ်၊ အလုံးသေး တစ်လုံးလျှင် ( ၁၀ )ကျပ်ခန့် ဈေနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း၊ ဈေးနှုန်းကျဆင်းသွားရခြင်းမှာ ဒေသတွင်း ကြက်ဥထွက်ရှိမှုများလာသောကြောင့် ဈေနှုန်းအနည်းငယ် ကျဆင်းသွားကြောင်း လွိုင်ကော်မြို့ နောင်ယားဈေးရှိ ကြက်ဥရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(ကယား)