မိတ္ထီလာစျေးကွက်တွင် မိုးကြက်သွန်နီ စိုက်ပျိုးမှုနည်းခြင်းကြောင့် မလှိုင်၊ မြစ်သား၊ မြင်းခြံ၊ တောင်သာတို့မှ တင်သွင်းလျက်ရှိရာ ယခုရက်ပိုင်းနယ်စပ်ဒေသ ( မြဝတီဝယ်လက် )အဝယ်ရှိခြင်းတို့ကြောင့် တက်စျေးဖြင့် စျေးငြိမ်နေကြောင်း သိရသည်။ မိတ္ထီလာဒေသမှ ဒေသတွင်းထွက်ရှိမှုနည်းသဖြင့် နယ်ဝေးတင်ပို့မှုမှာလည်း နည်းလျက်ရှိပါသည်၊၊ ဒီဇင်ဘာလ ပထမပတ်အတွင်း ရန်ကုန်သို့ ( ၁၂ ) ဘီးကား ( ၂ )စီး ကုန်ချိန် ( ၃၄ )တန်နှင့် ပဲခူးသို့ ( ၆ )ဘီးကား ( ၃ )စီး ကုန်ချိန် (၂၁)တန်တင်ပို့ခဲ့ပြီး ကုန်တင်ခမှာ စျေးနှုန်းကြောင်းလဲမှုမရှိဘဲ တစ်ပိဿာလျှင် ရန်ကုန်သို့ ၁၁၀ိ/-၊ ပဲခူးသို့ ၁၀၀ိ/- ရှိကြောင်းသိရှိရသည်၊၊ ကြက်သွန်နီ လက္ကားစျေးမှာ တစ်ပိဿာလျှင် ၃၀၀၀ိ/- ဝန်းကျင်ရှိပြီး လက်လီစျေးမှာ တစ်ပိဿာလျှင် ၃၂၀၀ိ/- မှ ၄၀၀၀ိ/- စျေးရှိကြောင်း စျေးကွက်မှသိရှိရပါသည်။
DOCA(မန္တလေး)