Main menu

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိရေး၊ ဥပဒေနှင့်အညီ ထုတ်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ငှက်ပျော်ကြော် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိရေး၊ ဥပဒေနှင့်အညီထုတ်လုပ်ရေး စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ၂၀၂၆ခုနှစ် ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းက ဆားမလောက်ကျေးရွာရှိ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများသို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ရာ၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် “က္ကုစ္ဆိတံ” ငှက်ပျောကြော်လုပ်ငန်း၊ “ထက်ဝေ” ငှက်ပျောကြော်လုပ်ငန်း၊ “မွမွလေး” ငှက်ပျောကြော်နှင့် ကိတ်အမျိုးမျိုးလုပ်ငန်းများသို့ ကွင်းဆင်း၍ ထုတ်ကုန်များတွင် ပါဝင်သည့် ပါဝင်ပစ္စည်းများ၊ ထားသိုနည်းများ၊ စားသုံးရန်အညွှန်းများ၊ သတိပြုရန်အချက်အလက်များအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အားပေးလျက်ရှိပြီး လုပ်ငန်းသုံးစားအုန်းဆီများ သတ်မှတ်အရည်အသွေးပြည့်မီရေးနှင့် လုပ်ငန်းခွင်၌ မှန်ကန်စွာသုံးစွဲရေး၊ ကုန်ချောများထုတ်လုပ်ရာ၌ အရည်အသွေးပြည့်ဝသည့် ကုန်ကြမ်းပစ္စည်းများသုံးစွဲရေး၊ ထုတ်ကုန်များကို ကျန်းမာရေးနှင့်အညီ သန့်ရှင်းသပ်ရပ်စွာထုပ်ပိုး၍ အလေးထားဆောင်ရွက်ရေး၊ ကုန်အညွှန်းအမှတ်သားများ ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြရေး၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဌာန်းချက်များ လိုက်နာစေရေးများကို စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)