
စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂) ရက်နေ့၊ မွန်းလွဲ (၁၅:၃၀) နာရီ အချိန်တွင် မြို့နယ်တာဝန်ခံရုံး၌ ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ကျိုက်လတ်မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူရောင်းချရာတွင် စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သော ကုန်စည်များကို ရွေးချယ်ရောင်းချရန်နှင့် FDA ထောက်ခံချက်ပါသော ကုန်စည်များကိုသာ ရောင်းချသင့်ကြောင်း၊ တရားမဝင် ကုန်စည်များကို ရောင်းချခြင်းမပြုလုပ်ကြရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၀) ပုဒ်မ (၂၂) အရ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် တားမြစ်ချက်များအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
