
စားသုံးသူရေးရာဦးစီးဌာန ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၆ခုနှစ်၊ ဧပြီလ(၂) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြို့နယ်တာဝန်ခံရုံး၌ ငါးပြေမှကျေးရွာအုပ်စုရှိ တောင်သူ(၈) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ထိုဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့် စပ်လျဉ်း၍ စားသုံးသူများအတွက် ကုန်စည် (သို့ ) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ဘေးအန္တာရာယ် ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊ ကုန်စည်များကိုရွေးချယ်ဝယ်ယူ အသုံးပြုရာတွင်လိုအပ်သော သတင်းအချက်အလက်များမှန်ကန်စွာ အထောက်အထားရယူခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိြခင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း အသိပညာဗဟုသုတများ လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ ပစ္စုပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသောလူနေမှု အဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင်နေထိုင်ခွင့်ရရှိခြင်းစသည့် အခွင့်အရေး (၈) ချက်အကြောင်းကို အသိပညာပေးဟောပြောပြီး ကျေးရွာရှိတောင်သူများကို ဆန်အိတ် (၅၀၀) သိုလှောင်စက်၊ စပါးတင်း (၂၅၀၀) အထက် သိုလှောင်ထားသည့် သိုလှောင်ရုံ ပိုင်ရှင်များအား Myro မှတ်ပုံတင်ကြရန် ညွှန်ကြားစာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
DOCA(ဧရာဝတီ)
