Main menu

“မိုးမြေပဲများရိတ်သိမ်းပြီးဆောင်းမြေပဲများဆက်လက်စိုက်ပျိုးလျက်ရှိ”

Powered by Drupal

        မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် စပါး၊ ပဲ၊ ပြောင်းနှင့်ဆီထွက်သီးနှံများအား အဓိကစိုက်ပျိုးလျက်ရှိပြီး ၄င်းသီးနှံများထဲမှ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မြေပဲသီးနှံကို စိုက်ပျိုးလျက်ရှိရာ ကျောက်ဆည်ခရိုင်အနေဖြင့် မိုးမြေပဲကို( ၁၂၁၃ )ဧက စိုက်ပျိုးနိုင်ခဲ့ပြီး (၁၂၁၃)ဧက အားလုံးရိတ်သိမ်းပြီးဖြစ်ရာ တစ်ဧကအထွက်နှုန်းအနေဖြင့်( ၄၉.၄၈ )   တင်း၊ အထွက်စုစုပေါင်း ( ၆၀၀၁၉ ) တင်း ထွက်ရှိကြောင်းသိရှိရပါသည် ။ စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် ဆောင်းမြေပဲများ စတင်စိုက်ပျိုးနေပြီဖြစ်ရာ ကျောက်ဆည်ခရိုင်အနေဖြင့် ဆောင်းမြေပဲကို ကျောက်ဆည်မြို့နယ်တွင်( ၂၀၂ )ဧက၊ စဉ့်ကိုင်မြို့နယ်တွင်( ၂၀ )ဧက၊ မြစ်သားမြို့နယ်တွင် ( ၈၀၂ )ဧက၊ စုစုပေါင်း( ၁၀၂၄ )ဧကစိုက်ပျိုးပြီးကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။မြေပဲစိုက်ပျိုးရာတွင် မျိုးအနေဖြင့် တစ်ဧကလျှင် မျိုးတောင့်အနေဖြင့် စိုက်ပျိုးပါက ( ၄ )တင်းခန့်နှင့် အစေ့စိုက်ပျိုးလျှင် ( ၁.၅ )တင်းကုန်ကျကြောင်း ၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုးစေ့၊ ထွန်ယက်ခ၊ လုပ်သားခ၊ စုစုပေါင်း ( ၃၀၀၀၀ဝ/- )ကျပ်ဝန်းကျင်ခန့် ကုန်ကျကြောင်း ယာမြေ ၊ ကုန်းမြေများပေါ်တွင် စက်တင်ဘာလကုန်ပါတ်မှ စတင်စိုက်ပျိုးထားခဲ့ရာ ယခုအချိန်တွင် မြေပဲပင်ပေါက်ကလေးများ ကောင်းမွန်စွာအောင်မြင်ဖြစ်ထွန်းနေပြီဖြစ်ပါသည်။ မြေပဲစျေးနှုန်းအနေ ဖြင့် ယခုအချိန်တွင် မြေပဲတောင့်တစ်တင်းလျှင်( ၂၁၀၀၀/- )ကျပ်၊ မြေပဲဆံတစ်ပိဿာလျှင် ( ၅၁၀၀/- )ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ပွဲရုံများမှသိရှိရပါသည်။

DOCA(မန္တလေး)